20 June to 26 Juneအတွင်း ဆောင်ရန်ရှောင်ရန် ဟောစာ ..
(Unicode)
20 June to 26 Juneအတွင်း ဆောင်ရန်ရှောင်ရန် ဟောစာ
🐯 တနင်္လာသားသမီးများ – ဤအပတ်တွင် စိတ်ရှုတ်စရာကိစ္စများ ပေါ်ပေါက်လာမည်။ အသိသတိကပ်၍ စိတ်ကိုထိန်းကာဆောင်ရွက်ပါ။ စက်ပစ္စည်းကြောင့် စိတ်ညစ်ရတတ်သည်။ ပစ္စည်းပျက်ခြင်း ပျောက်ခြင်းကြုံတွေ့နိုင်သည်။ သူတစ်ပါး၏ စိတ်အနှောက်အယှက် ပေးခြင်း ခံရတတ်သည်။ အဝေးမှ ဆွေမျိုးသားခြင်းများ အိမ်သို့ရောက်လာလျှင် ငွေကုန်ကြေးကြများမည်။
ကံကောင်းစေရန် – ရေစစ် ရေသန့်ဗူး ရေအိုး သောက်ရေသန့်ဗူးတို့အား လှူပေးပါ။
အချစ်ရေး – နားလည်မှုအား အဓိကထားပါ။ ကတောက်ကစဖြစ်ရတတ်သည်။
စန်းပွင့်စေရန် – ဤအပတ်တွင် ဆံပင်ကေပြောင်းပါ ညှပ်ပါ။
……………
🦁 အင်္ဂါ သားသမီးများ – လက်နှင့်ခြေ ထိ ခိုက်တတ်သဖြင့် အသွားအလာဂရုစိုက်ပါ။ ဗိုက်နာ ဗိုက်အောင့်မည် အစားအစာကြည့်စားပါ။ ကလေးငယ်များ သွေးလွန်တုပ်ကွေး၊ သာမာန်တုပ်ကွေးများ ဖြစ်ပွားနိုင်သည်။ အိမ်တွင် ခြင်များ ကင်းစေရန် ဆောင်ရွက်ပါ။ ငွေရွှင်နိုင်သည် သို့သော် ငွေအဝင်အထွက်ကို စစ်ပါ။ မိုးမမိပါစေနှင့်.. ဖျားနာတတ်သည်။
ကံကောင်းစေရန် – နို့ဆီ၊ နို့ထွက်ပစ္စည်း၊ ထောပတ် စသည်တို့အား ဝယ်၍ လှူဒါန်းပါ အသက်ကြီးရွယ်အိုတို့အား။
အချစ်ရေး – စန်းထက်ပွင့်နိုင်သည်။ မထိန်းနိုင်ပါက ချစ်သူ ထပ်ရပြီး လက်ရှိချစ်သူနှင့် ပြတ်ဆဲရနိုင်သည့်အထိ ဖြစ်ပွားနိုင်သည်။ ခြံမခုန်မိပါစေနှင့်။ ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ။ အချစ်တွင် လောဘကြီးလျှင် ခွေးဖြစ်တတ်သည်။
စန်းပွင့်စေရန် – မီးသီး၊ မီးသွေး၊ ဓာတ်မီး၊ ဖယောင်းတိုင် သည်တို့အား မိမိသဘောကြနေသောသူထံ လက်ဆောင်ပို့လိုက်ပါ။ လိမ္မော်ရောင် အပြာရောင် ခရမ်းရောင် မန်ကျီးရောင်တို့အား ဝတ်ဆင် အသုံးပြုပေးပါ။
…………
🐘 ဗုဒ္ဓဟူး/ရာဟု သားသမီး – ကားတိုက်ခံရတတ်သည်။ လမ်းသွား လမ်းကူး သေချာကြည့်ပါ။ ကိုယ်ဖြစ်ကိုယ်ခံရမည်။ ကိုယ်ဝန်သည်များ ဗိုက်သတိထားပါ။ အကြောင်းအမျိုးမျိုးကြောင့် စိတ်နောက်ရမည်။ သူငယ်ချင်း၏ သစ္စာဖောက်ခြင်းခံရတတ်သည်။ အဝေးမှ လက်ဆောင်များ ရတတ်သည်။ မိမိမှလည်း ပြန်ပေးဖို့မမေ့နှင့်။ ဤအပတ်သည် ငွေကြေးကံကောင်းသည့်အတွက် ငွေစုပါ။ မဖြုန်းပါနှင့်။
ကံကောင်းစေရန် – ငါးသေတ္တာဗူး ၅ ဗူးအားဝယ်၍ မရှိသော အိမ်ငါးအိမ်အားပေးလိုက်ပါ။
အချစ်ရေး – ချစ်သူ၏ ဆရာလုပ်ခြင်းခံရတတ်သည်။ မိမိမှ ထိုချစ်သူအား တနုံနုံ ထမလုပ်ယုံတမယ် သည်းခံရမည်။ သည်းခံခြင်းသည် စိတ်ချမ်းသာခြင်းတစ်မျိုးဟု အဓိပ္ပါယ်ဖော်ရနိုင်သည် ကိုယ့်ဘာသာကိုယ်။
စန်းပွင့်စေရန် – ရွှင်ပြသော အဝတ်အစားများ သုံးပါ ဝတိပါ။ အမဲအနက် ဝတ်ခြင်း ရှောင်ပါ။ သံပုရာသီးအား ခေါင်းအုန်းအောက် ထား၍အိပ်ပါ။ ၂ရက် တစ်ခါ အသစ်လဲပါ သံပုရာသီးအား။
……………….
🐹 ကြာသာပတေးသားသမီးများ– သွေးတိုးရောဂါခံစားရမည်။ အငံများ တက်စာများ ငါးသလောက်များ ပဲပုတ်များ ငါးပိများ မစားပါနှင့်။ အခန်းမသင့်လျှင် ဆုံးပါးတတ်သည်။ မိတ်ဆွေတစ်ချို့၏ ကလိန်ကျခြင်း လူလည်ကြခြင်းခံရတတ်သည်။ မိမိမှ ကြို၍ လူလည်ကြပါ။ ညာမျက်စ် ညဘက်ခြေထောက် ထိခိုက်နိုင်သဖြင့် ဂရုစိုက်ပါ။ ဘေးအိမ်မှ လူများ၏ သီတင်းဆိုးကြားရလျှင် မိမိအိမ်မှာ ကံကောင်းတတ်သည်။ ငွေအလုံးအရင်း ဝင်နိုင်သည်။ ရလျှင် လှူပေးပါ။
ကံကောင်းစေရန် – ​ဆွမ်းလောင်းပါ ဤအပတ်။ အကြော်နှင်​့ ထမင်းအားလောင်းပါ လှူပါ။ ဘာသာခြားများ လည်း လိုအပ်သော သူများအား လှူနိုင်ပါသည်။ ကပ်ကြော်စေရန်ဖြစ်သည်။
အချစ်ရေး – မိမိချစ်သူအား မေ့လျော့နေတတ်သည်။ တစ်လောကလုံးတွင် သူ့သာ မေ့၍ ပြဿနာရှာခြင်းခံရတတ်သည်။ ချစ်သူဆီမှ လက်ဆောင်တောင်းပါ။
စန်းပွင့်စေရန် – ကျောက်စိမ်း ပစ္စည်းတစ်မျိုးမျိုးအား ဝတ်ဆင်ပါ။ ချစ်စရာကောင်းသော အမူအယာအား သေချာ လုပ်ပြပါ။ သဘာဝကြပါစေ။ စန်းများ တအုန်းအုန်းပွင့်မည်။
…………..
🐭 သောကြာသားသမီးများ – ကောက်စားရမည်။ ဆိုလိုသည်မှာ စီးပွားရေးသမားများ ကောက်စားရကိန်းကြုံမည်။ အမြတ်များရမည်။ ငွေပေါများမည်။ အရိုးကြည့်ရှောင်ပါ။ ပြဿနာတက်နိုင်သော case များ ကြည့်ရှောင်ပါ။ ပါးနပ်မှ စိုးစံရမည့် အပတ်ဖြစ်သည်။ အဝေးမှ သီတင်းကောင်းကြားရမည်။ နိုင်ငံခြားခရီးစဥ် ကံကောင်းမည်။ ခရီးထွက်လျှင် ပို၍ကောင်းမည်။
ကံကောင်းစေရန် – တိရိစ္ဆာန်များအား အစားအစာဒါနပြုပါ။ ကျွေးဖြစ်အောင်ကျွေးပါ။
အချစ်ရေး – ချစ်သူ၏ ငွေဖြုန်းခြင်း ခံရတတ်သည်။ မိမိချစ်သူသည် မိမိအား တစ်ကယ်ချစ်တာလား ငွေကြောင့် တွဲတာလား ဆိုတာ ပေါ်လာမည်။ အတင်မပြေဘူးလို့ စိတ်ထဲ ထင်မိလျှင် သင့်အတွေး မှန်ကန်၏ ။
စန်းပွင့်စေရန် – လက်သည်းညှပ်ပါ။ ခြေသည်းညှပ်ပါ။ ဆံပင်ကေပြောင်းပါ။ စတိုင်မလှိုင် အကုန်ပြောင်းပါ။ ကျော့ကော့ လတ်ဆက် ကျွတ်ယွစွာ နေထိုင်ပါ။
………….
🐲 စနေသားသမီးများ – တရားအားထုတ်သူများ တရားတက်မည့်အပတ်ဖြစ်သည်။ တရားနှင့်ဝေးသူများ သံဝေဂ ကြီးစွာရမည့် အပတ်ဖြစ်သည်။
လူ့ဘဝအကြောင်း နားလည်လာမည်။ မမြဲခြင်းသဘော အနိစ္စ၏ ပုံရိပ်များ ကြုံတွေ့လာရမည်။ ထိုအခါ တရားမှတ်ပါ။ လူ့သဘာဝ၏ သာပေါင်းညာစားများအား တွေ့ရမည်။ လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံခြင်းအား ခံရမည်။ မိတ်ဆွေစစ် မိတ်ဆွေတုများ ခွဲခြားနိုင်မည်။ ငွေဝင်၍ ပြန်ထွက်တာမြန်မည်။ သတိထားသုံးစွဲ​ပါ။ အိမ်တွင် လျှပ်စစ်သတိထားပါ။ မီးသတိပြုပါ။
ကံကောင်းစေရန် – မိမိအသုံးမပြုတော့သည့် ကောင်းသေးသော အဝတ်အစားများအား လှူပစ်ပါ။ အဝတ်အစားစုတ်များအား လွင့်ပစ်ပါ။ အိမ်အား သန့်ရှင်းစွာထားပါ။
ဖြူသန့်သော အဝတ်အစားဝတ်ပါ။
အချစ်ရေး – အတုအစစ် ကွာခြားသော အချစ်အား တွေ့ရှိရမည်။ လက်ရှိချစ်သူ/ အိမ်ထောက်ဘက် မိမိအား တစ်ကယ်ချစ်မချစ် လေ့လာကြည့်ပါ။ အဖြေတွေ့မည်။
စန်းပွင့်စေရန် – နှင်းဆီပန်းများအား မိမိအိမ်တွင်စိုက်ပျိုးပေးပါ။ နှင်းဆီပန်းရနံ့ပါသော ရေမွှေးအား အသုံးပြုပါ။ အမျိုးသားများအဖို့ လိမ္မော်ရောင် အဝါရောင် ပန်းရောင် ခဲရောင်အား အသုံးပြုပါ။
…………..
🐤 တနင်္ဂနွေသားသမီးများ – ခေါင်းကိုက် ခေါင်းခဲရတတ်သည်။ အလုပ်ဖိစည်းမည်။ Stress များသောကြောင့် အလိုလိုနေရင်း ဒေါသထွက်နေမည်။ စိတ်ပျော်စေရန် ဘူဖေးအဝသွားစားပါ။ အစားများများစားပါ။ လေ့ကျင့်ခန်းလဲလုပ်ပါ။ သစ်သီးဝလံဘူဖေးရှိလျှင် သွားစားပါ။
အလုပ်တွင် တီကောင်မတစ်ကောင်အား တွေ့ရတတ်သည်။ အတို့ထောင်များသော တီကောင်မဖြစ်မည်။ ဆားနဲ့ပက်ပါ သူ့အား။ သူထိုင်သော နေရာများတွင် ဆားများ မသိမသာဖြူးထားလိုက်ပါ။ သူ့ဘာသာတိုင်ပတ်နေမည်။ ဤအပတ်တွင် ကျန်းမာရေးကောင်းအောင် လေဝဝရှူသော လေ့ကျင့်ခန်းအား ခနခနလုပ်ပါ။
အဝေးမှ သီတင်းကောင်းများ ကြားရတတ်သည်။
ကံကောင်းစေရန် – ဒူးရင်းသီး အားအလုံးလိုက်ဝယ်၍ အိမ်သားများအားကျွေးပါ။ အပြင်မှ လူများအားလည်း ကျွေးပါ။ ဘုရားကပ်ပါ။ ဒူးရင်းမကြိုက်လျှင် မစားဘဲ သူများကျွေးပါ။ ရေသန့်ဗူးလေးများလည်း လှူပေးနိုင်ပါတယ်။
အချစ်ရေး – အဆင်ပြေမည်။ သို့သော် ငွေကြောင့် စိတ်ကောက်ရမည်။
စန်းပွင့်စေရန် – နံနက်ခင်းတွင် မျက်နှာအား တယော်ကင်ပွန်းအရည်ဖြင့် သစ်ပါ။ ဒါမှမဟုတ် တယော်ကင်ပွန်းအဖတ်ဖြင့် ပွတ်၍ ပြီးမှ မျက်နှာသစ်ပါ။ စန်းများ ပွင့်အာလာမည်။
တစ်ပတ်စာဖြစ်ပါသည် 🙏
၇ရက် သားသမီးများ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ချစ်တဲ့ မိန်းမိန်း 🔮
🪸 July လ အကြားအမြင် booking ယူပါ။
မေးလိုသည့် ချစ်မိတ်ဆွေများ ဆရာမ မိန်မိန်း၏ အကောင့်သို့ တိုက်ရိုက် စာပို့ပေးထားနိုင်ပါသည် 🌸
Crd to ဗုံလေး အကြားအမြင် လက္ခဏာ ဗေဒင်
(Zawgyi)
……………
…………
……………….
…………..
………….
…………..
တစ်ပတ်စာဖြစ်ပါသည် 🙏
Related Posts