မုန့်ဖိုးလေးတွေ စုပီး လက်စွပ်လုပ်ခဲ့တဲ့ ဂျမ်းတောလေး။

ပရိတ်သတ် ကြီးရေ….ဂျမ်းတောလေးဟာဆိုရင် အနေဆင်းရဲပြီး ဘဝဟာ အရွယ်နဲ့ မမျှအောင် ကြမ်းတမ်းခဲ့ပါတယ်။ အခုအချိန်မှာတော့ မေတ္တာတရားကြီးမားတဲ့ မမစု တို့ရဲ့ အရိပ်မှာ ခိုလှုံပြီး အေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ အလှပြင်တာကိုလည်း လေ့လာသင်ယူနေသလို စာရေးရတာ စာဖတ်ရတာတွေကိုလည်း ဝါသနာပါပြီး လေ့လာသင်ယူချင်စိတ်ရှိတဲ့ ကလေး တစ်ယောက်ဖြစ်နေပါပီနော်…။ ဒီနေ့မှာ ဆိုရင်လည်း သူ့ရဲ့ လုပ်အားခလေးတွေကို စုထားတဲ့ ငွေလေးတွေနဲ့ လက်စွပ်လေးတစ်ကွင်း  သွားလုပ်ထားတာလေးကို ပရိတ်သတ်ကြီးအတွက် ပိတိဖြစ်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော်…😍